Thursday, September 2, 2010

August 2010 - Donation Event at the Delta

          ရန်ကုန်မြို့၊ သင်္ကန်းကျွန်း ငါးကျမ်းပြန်ကျောင်းတိုက်နဲ့ အမေရိကန်ပြည် ဆန်ဖရန်ဘေးဧရိယာက မေတ္တာနန္ဒ၀ိဟာရ ကျောင်းတိုက် ဦးဆောင်ဆရာတော် အရှင်ဓမ္မပီယ ဆောင်ရွက်နေတဲ့ နာဂစ်သင့်မိဘမဲ့ကလေးများစောင့်ရှောက်ရေး (Child Aid Foundation) က လပွတ္တာ၊ သင်္ကန်းကုန်း၊ ကွမ်းခြံကုန်း၊ ဒေးဒရဲမြို့်နယ်များရှိ စာရင်းပြုစုထားတဲ့ကလေးသူငယ်များကို ထောက်ပံ့မှုများ ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာဒုံမြို့နယ်မှာ တည်ဆောက်နေတဲ့ မေတ္တာနန္ဒ မိဘမဲ့ကလေးများအတွက် ပညာဒါနဂေဟာကလည်း လာမယ့် ဒီဇင်ဘာမှာ အပြီးသတ်နိုင်မယ်လို့ ဆိုပါတယ်။ မိုးမခကတဆင့် လက်ခံရရှိတဲ့ အလှူငွေများ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၁၀.၀၀ ကို သြဂုတ်လဆန်းမှာ တကြိမ်၊ ယခု စက်တင်ဘာအတွက် ဒေါ်လာ ၂၀၀.၀၀ ကို လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။
  

0 comments: