Wednesday, April 3, 2013

ဟန်ရေးပြင်တဲ့ မိန်ရာသီ

ဟန်ရေးပြင်တဲ့ မိန်ရာသီ
ဒေါက်တာဓမ္မပိယ (ITBMU)၊ မတ် ၂၉၊ ၂၀၁၃
      
      
    “မိန်ရာသီ လတပေါင်းပေမို့ ရွက်ဟောင်းတွေကကျွေ” ဆိုတဲ့ အဖွဲ့အနွဲ့တွေ။ “ဟန်ရေးပြင်တဲ့ မိန်ရာသီ” ဆိုတဲ့ ဂီတသံစဉ်လှိုင်းတွေ။ ဒီလိုအဖွဲ့မျိုးတွေနဲ့ ပြည့်လျှမ်းနေတဲ့ မြတ်နိုးဖွယ်ကောင်းတဲ့ ဒီမိန်လရာသီကို မမေ့နိုင်အောင် ရှိနေခဲ့လို့ … ။ ဟန်ရေးပြင်နေတဲ့ မိန်ရာသီအလှကို ကြည်နူးခံစားမိရင်း ဟန်ရေးပြင်နေတဲ့ အမိမြန်မာပြည်ကြီးဆီသို့ စိတ်ကရောက်သွားမိတယ်။ ဒါဟာ စာတစ်ပုဒ်ဖြစ်လာဖို့အတွက် အကြောင်းတစ်ရပ် ဖြစ်ခဲ့ခြင်းပါ။
          မိန်ရာသီဆိုတဲ့ လတပေါင်းကို စာရေးသူ သတိတရရှိနေခဲ့သည်မှာ ငယ်စဉ်တောင်ကျေး ကလေးဘ၀ ထဲက စခဲ့တာလို့ ဆိုရမှာပါ။ သဘာဝအလှအပတွေ၊ ထိုအလှအပတွေကို စာပန်းချီချယ်မှုန်းထားတဲ့ အဖွဲ့အနွဲ့ တွေ၊ ရတုကဗျာတွေနှင့်ပြည့်လျှန်းနေတဲ့ သာမောဖွယ်ကောင်းတဲ့ ဒီတပေါင်းလရာသီဟာ ဒီနှစ်မှာတော့ (မြန်မာပြည်မှာ) အေးချမ်းသာယာမှုတွေ ပျောက်ဆုံးလုနီးပါး ဖြစ်ခဲ့ရတယ်။ စိတ်ဘ၀င်မှာ ချမ်းမြေ့ကြည်နူး ဖွယ်ကောင်းတဲ့ ဒီတပေါင်းလရာသီကို ကြောက်ရွံ့စိုးရိမ်စိတ်များနှင့်အတူ အချိန်ကာလတစ်ခုကို ဖြတ်သန်းရ တော့မှာပဲလို့ စဉ်းစားမိခဲ့တယ်။ ဒီတော့လဲ ရွှေစိတ်ဘ၀င်မှာ ချမ်းသာကြည်နူးမှုမျိုးဆိုတာ ဘယ်မှာလာပြီး ရှိနိုင်တော့မှာလဲ။  

Tuesday, September 11, 2012

နွယ်ခွေ - မေတ္တာနန္ဒစာသင်ကျောင်းက အပြန်


နွယ်ခွေ - မေတ္တာနန္ဒစာသင်ကျောင်းက အပြန်
 (မြန်မာပြည်က ပြန်လာတဲ့ အထက်တန်းကျောင်းသူ နုနုနဲ့ ငယ်ငယ်)
မိုးမခအင်တာဗျုး၊ စက်တင်ဘာ ၁၁ ၊ ၂၀၁၂
၂၀၁၂ အမေရိကန်နွေရာသီကျောင်းပိတ်ရက်မှာ မြန်မာပြည်၊ နွယ်ခွေရပ်၊ မေတ္တာနန္ဒ ဘုန်းတော်ကြီးသင် စာသင်ကျောင်းမှာ ၂လ လုံးလုံး သွားရောက်နေထိုင်ပြီး အင်္ဂလိပ်စကားပြောသင်တန်း စေတနာ့ဝန်ထမ်းခဲ့သူ ဆန်ဖရန်ဘေးဧရိယာက မြန်မာနွယ်ဖွား၊ ဆယ်ကျော်သက်ရွယ် အထက်တန်းကျောင်းသူ နုနု နဲ့ ငယ်ငယ်တို့ကို သူတို့ မိဘများနဲ့အတူ သူတို့မိသားစု အတွေ့အကြုံ၊ အတွေးအမြင်တွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။
ဖရီးမောင့်မြို့၊ ဆန်ဖရန်ဘေးဧရိယာမှာ ဆယ်စုနှစ် ၂ ခု ကျော် ပြောင်းရွှေ့အခြေချနေထိုင်တဲ့ ကိုဇော်မင်း၊ မခင်ခင်ထွေး မိသားစုတို့ဟာ မြန်မာပြည်ကမိသားစုကြီးတခုလို မိဘ၊ ဘိုးဘွား၊ ဦးလေး၊ ဒေါ်ဒေါ်၊ ညီအကို မောင်နှမတွေနဲ့ သိုင်းဝိုင်းတဲ့ မိသားစုဖြစ်တယ်။ သာရေး နာရေး လူမှုရေးတွေမှာ ကျရာ ကြုံရာနေရာက စေတနာ့ဝန်ထမ်း ပါဝင်ကြသူတွေဖြစ်တယ်။
လွန်ခဲ့တဲ့ အမေရိကန်နွေရာသီ ကျောင်းပိတ်ရက်မှာ ကိုဇော်မင်း၊ မခင်ခင်ထွေးတို့ရဲ့ သမီး ၂ဦး ဖြစ်တဲ့  ၁၂ တန်းကကျောင်းသူ၊ နုနု (Jennifer) နဲ့ ၁၀တန်းကျောင်းသူ ငယ်ငယ် (Jessica) တို့ ဖခင်ဖြစ်သူ ကိုဇော်မင်းနဲ့ အတူ မြန်မာပြည် အလည်ပြန်ကြတယ်။ ၂ လ ကျော် ကြာတယ်။ ပြန်ရောက်လာတော့ သိရှိရတာက ဖရီးမောင့်၊ မေတ္တာနန္ဒကျောင်းတိုက်က ဆရာတော် အရှင်ဓမ္မပီယရဲ့ မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေကျေးရွာက မေတ္တာနန္ဒ မိဘမဲ့ဂေဟာနဲ့ ပညာဒါနစာသင်ကျောင်းကလေးမှာ တလျောက်လုံး အင်္ဂလိပ်စကားပြောသင်တန်း နေ့စဉ်သွားသင်တဲ့ စေတနာ့ဝန်ထမ်း လုပ်အားပေးနေခဲ့ကြတယ်လို့ ဆိုပါတယ်။
သူတို့တွေနဲ့ သူတို့မိဘတွေနဲ့ မိုးမခ တွေ့ဆုံ စကားပြောဖြစ်ခဲ့တာကို ပြန်လည် တင်ဆက်လိုက်ပါတယ်။
မေး။            ။ မိခင်ဖြစ်သူက အခုလိုကလေးတွေကို သူတို့သဘောနဲ့ လွှတ်လိုက်တာလား၊ မိဘတွေရဲ့ သဘောဆန္ဒနဲ့ ဒီလိုမျိုး စီစဉ်တာလား၊ ခိုင်းတာလား
မိခင် မခင်ခင်ထွေး။            ။ ကျမတို့ လွန်ခဲ့တဲ့ ၄ နှစ်၊ ကလေးတွေ ၁၃ နှစ်ပြည့် မွေးနေ့တုန်းက မြန်မာပြည်ပြန်လည်တယ်။ အဲသည်မှာ ကလေးတွေက သူတို့အရွယ်လေးတွေ ဘုရားပေါ်မှာ ခရေပန်းရောင်းနေတာကို တွေ့ကြရတယ်။ သမီးတွေက အဲသည်တုန်းက အဲသည်ကလေးတွေအတွက် တနေ့ကျရင် ဆရာဝန်ကြီးတွေအဖြစ်နဲ့ ဆေးကုပေးမယ်လို့ ပြောကြတယ်။ အဲသည်တုန်းက အတွေးနဲ့ပေါ့။ ဒါပေမယ့် ကျမက ဘာပြောခဲ့သလဲဆိုတော့ အခုကတည်းက သမီးတို့ ကူညီချင်ရင် ကူညီလို့ရတယ်။ သမီးတို့ အခုသင်နေတဲ့ ကျောင်းပညာတွေနဲ့ အဲသည်ကလေးတွေကို စာပြန်သင်ပေးလို့ ရတယ် လို့ ပြောပြခဲ့တယ်။ သမီးတို့လုပ်ချင်ရင် အမေလုပ်ပေးမယ်လို့ ကတိပေးခဲ့တယ်။

မေး။            ။ ဖခင်ဖြစ်သူအနေနဲ့ကကော ကလေးတွေရဲ့ မူလဆန္ဒကို ဘယ်လိုဖြည့်ဆည်းပေးမယ်လို့ စဉ်းစားခဲ့သလဲ။ ဘယ်လိုမျိုး ဖြည့်ဆည်းခဲ့သလဲ။
ဖခင် ကိုဇော်မင်း။            ။ သူတို့ကိုယ်တိုင်က အဲသည်လိုမျိုး လုပ်ချင်တယ်၊ ဖြစ်ချင်တယ်ဆိုတာကို မိဘတယောက်အနေနဲ့ ဖြည့်ဆည်းရမယ်၊ လုပ်ပေးရမယ်လို့ သဘောထားတယ်။ အဲသည်တော့ ကလေးတွေဖြစ်ချင်တာကို ပံ့ပိုးရတာပေါ့။ သူတို့ မြန်မာပြည်ကို ပြန်ပြီးတော့ စေတနာဝန်ထမ်း စာသင်ပေးချင်တာတွေအတွက် သူတို့တွေအတွက် အဆင်ပြေမယ့် ကျောင်းတွေ၊ နေရာတွေ၊ ပုဂ္ဂိုလ်တွေကိုတော့ ကျနော်ကိုယ်တိုင် လိုက်ပြီး မေးမြန်းစုံစမ်းရတာပေါ့။

မေး။            ။ အဲသည်တော့ ဘယ်လိုမျိုး အနေအထားတွေကို ရွေးဖြစ်သွားသလဲ။
ဖခင် ကိုဇော်မင်း။            ။ ကလေးတွေကတော့ ဘယ်ပဲဖြစ်ဖြစ် သွားချင်တာချည်းပဲ။ ထိုင်းနယ်စပ်လည်း သွားချင်တယ်။ ကျေးလက်တောရွာတွေလည်း သွားချင်တယ်။ ပထမဦးဆုံး ခရီးဖြစ်တဲ့အတွက် သွားရေး၊ လာရေး၊ စားသောက် နေထိုင်ရေး ကိုယ့်ဖာသာကိုယ် ရပ်တည်နိုင်အောင်၊ ဖြေရှင်းပေးနိုင်အောင် စဉ်းစားတော့ လက်ရှိမှာ ကျနော်တို့ ဖရီးမောင့်က မေတ္တာနန္ဒဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဦးဓမ္မပီယရဲ့ ရန်ကုန်က ငါးကျမ်းပြန် စာသင်တိုက်နဲ့ နွယ်ခွေကျေးရွာက မေတ္တာနန္ဒ ဘုန်းတော်ကြီးသင်စာသင်ကျောင်းကို စဉ်းစားမိတယ်။ ဆရာတော်ကိုယ်တိုင်ကလည်း မြန်မာပြည်မှာ သာသာနာရေး၊ လူမှုရေး၊ ပညာရေးအလုပ်တွေနဲ့ တောက်လျောက် ဟိုမှာ ရှိနေတယ်။ ဆရာတော်ကိုယ်တိုင်ကလည်း အဲသည်လိုမျိုး သူ့ကျောင်းက ကလေးတွေအတွက် အင်္ဂလိပ်စကားပြောသင်တန်းကို ဖြစ်မြောက်စေချင်တယ်။ အမေရိကန်က ကလေးတွေကိုယ်တိုင်က သူ့ကျောင်းက မြန်မာကလေးတွေကို ပြောဆိုသင်ကြားပေးတာမျိုးကို မျှော်လင့်နေတော့ ဆရာတော်ကိုယ်တိုင်ကလည်း လက်ခံကြိုဆိုပြီး ပြင်ဆင်ပေးပါတယ်။

မေး။            ။ ဟုတ်ပါပြီ။ ကလေးတွေကို သူတို့ အတွေ့အကြုံနဲ့ သဘောထားကို မေးကြည့်ရအောင်။ ကဲပြောပါဦး၊ လွန်ခဲ့တဲ့ ၄ နှစ် သမီးတို့ မြန်မာပြည်က ဆင်းရဲချို့တဲ့တဲ့ ကလေးတွေကို တွေ့တော့ ဆရာဝန်လုပ်ပြီး ပြန်ပြီးတော့ စောင့်ရှောက်မယ်လို့ စိတ်ကူးခဲ့တယ်။ အဲသည်စိတ်ကူးကနေပြီး အခုလို စာသင်ဖို့ စိတ်ကူးတွေ ဆက်ပြီး ဖြစ်ပေါ်လာတယ်ပေါ့။
သမီး နုနုနဲ့ ငယ်ငယ်။            ။ အဲသည်တုန်းကတော့ ဆရာဝန်ဖြစ်အောင်လုပ်မယ်လို့ တွေးတာပေါ့။ အခုကျတော့ ဆရာဝန်ဖြစ်ဖို့၊ ရှေ့နေတွေဖြစ်ဖို့ကတော့ တပိုင်းပဲ။ အခုကတည်းက သမီးတို့တွေ သင်ထားတဲ့ စာတွေ၊ သိထားတဲ့ ပညာတွေကိုလည်း မြန်မာပြည်က လိုအပ်နေတဲ့ကလေးတွေကို ပြန်သင်ပေးလို့ ရတယ်ဆိုတာကို ပိုပြီး အားသန်လာတယ်။ အဲဒါကို အခု လုပ်ဖြစ်တယ်လို့ ပြောချင်ပါတယ်။ အဲသည်လုပ်ဖြစ်အောင် အဖေနဲ့ အမေက ၀ိုင်းပြီး ပံ့ပိုးကူညီပေးတယ်၊ ထောက်ပံ့ပေးတယ်။

မေး။            ။ အဲဒါဆိုရင် သမီးတို့က ကလေးတွေကို စာသွားသင်မှာဆိုတော့ ဒီအတိုင်းချည်း ထ သွားတာလား။ ဘာတွေ ပြင်ဆင်သွားတာတွေရှိသလဲ။
သမီး နုနုနဲ့ ငယ်ငယ်။            ။ သမီးတို့ သည်ကကျောင်းတွေမှာ စာသင်ခဲ့ရတဲ့ အတွေ့အကြုံကိုလည်း အခြေခံရပါတယ်။ သမီးတို့ကို ဒီက ဆရာတွေ၊ ဆရာမတွေက ဘယ်လိုတွေ သင်ပေးခဲ့သလဲပေါ့။ ပြီးတော့ ဟိုက ကလေးတွေကို သင်ပေးဖို့အတွက် grammer worksheet တွေ၊ လေ့ကျင့်ခန်းတွေ၊ ဖတ်စရာတွေ စာအုပ်တွေကိုလည်း လိုက်ပြီး စုဆောင်းရတာပေါ့။ ဘယ်လိုမျိုး အတန်းစာတွေကို သင်မလဲလို့ ကြိုပြီး ရွေးရတာပေါ့။

မေး။            ။ ဘယ်လို အတန်းမျိုးကို သင်မယ်လို့ စဉ်းစားထားသလဲ။
ဖြေ။            ။ ဒီအမေရိကန်က ၄ တန်း၊ ၅ တန်းက လေ့ကျင့်ခန်းတွေကို ကြိုစုသွားတယ်။ အဲသည် လေ့ကျင့်ခန်းတွေကို ဟိုမှာကျတော့ ကလေးတွေ လိုက်နိုင်တဲ့ အခြေအနေပေါ့ မူတည်ပြီးတော့ ကော်ပီတွေ ပွားပြီးတော့ ဝေပေးရတာပေါ့။ ၂ တန်းစာတွေအတွက်လည်း ရှာပြီး စုသွားတယ်။

မေး။            ။ အဲသည်လိုမျိုး ပြင်ဆင်ပြီးသွားတာတော့ ဟုတ်ပါပြီ။ ဟိုက ကျောင်းတွေကို ဘယ်လို မျှော်လင့်ထားသလဲ။ သမီးတို့ ဒီက စိတ်ကူးထားတာနဲ့ ဟိုကို တကယ်ရောက်သွားတော့ တွေ့ရတဲ့ ကျောင်းတွေ၊ ကလေးတွေက ကွာခြားသလား၊ အတူတူပဲလား။
ဖြေ။            ။ သမီးတို့ အနည်းဆုံး မျှော်လင့်ထားတာက စာသင်ခန်းရှိမယ်၊ ၀ှိုက်ဘုတ်ရှိမယ်။ အဲသည်လောက်ပါပဲ။ ကျောင်းသားတွေရှိမယ်။ အဲသည်လိုမျိုးပဲ မျှော်လင့်ပြီး သွားတော့ အဲသည်အတိုင်းပဲ တွေ့ရပါတယ်။ ဘာမှ ထူးပြီး ကွာခြားတာ မရှိပါဘူး။

မေး။            ။ ကဲ … မြန်မာကလေးတွေနဲ့ သမီးတို့တွေ မျက်နှာချင်းဆိုင်တွေ့ကြပြီပေါ့။ သမီးတို့နဲ့ သူတို့နဲ့ ဘယ်လိုမျိုး ရင်းနှီးအောင်၊ ခင်သွားအောင်၊ တဦးကို တဦး သိသွားအောင် လုပ်ကြသလဲ။
ဖြေ။            ။ သမီးတို့တတွေက သည်မှာလိုမျိုး မိတ်ဆက်တဲ့ အလုပ်ကို လုပ်ကြတာပေါ့။ နံမယ် ဘယ်လို ခေါ်သလဲ။ First Day Bonding လို့ ခေါ်တာပေါ့။ ဘယ်အရောင်တွေ ကြိုက်သလဲ။ မွေးနေ့က ဘာလဲ။ တဦးချင်းကိုလည်း လိုက်မေးတာပေါ့နော်။ သမီးတို့ ပြောတာကို နားလည်သလား၊ သူတို့ပြောတာတွေကိုကော သမီးတို့ နားလည်သလားပေါ့။ သူတို့ကို ဘယ်အတန်းစာတွေကနေ သင်ပေးရင် ကောင်းမလဲဆိုတာကို စဉ်းစားလို့ရအောင် လုပ်ရတာပေါ့။

မေး။            ။ အဲသည်လိုမျိုး လုပ်ရတာကို သမီးတို့သည်က အမေရိကန်ကျောင်းတွေမှာ ကြုံဖူးတယ်ပေါ့။
ဖြေ။            ။ ဟုတ်တယ်။ သည်မှာ သမီးတို့ Language school တွေမှာ အဲလိုမျိုး မေးကြ မြန်းကြ ရင်းနှီးမှု တည်ဆောက်ကြတာကို ကြုံခဲ့ရတယ်။ အဲဒါကို ပြန်အသုံးချတာပေါ့။

မေး။            ။ သမီးတို့ကိုယ်တိုင်က အဲသည်အချိန်မှာ မြန်မာလို ပြောနေရပြီပေါ့။
ဖြေ။            ။ ဟုတ်တယ်။ သမီးတို့ကိုယ်တိုင်ကလည်း မြန်မာလို ပြောရတယ်။ ရှင်းပြရတယ်။

မေး။            ။ အဲသည်လို အချိန်မျိုးမှာ သမီးတို့နဲ့ အတူလိုက်လာပေးတဲ့ အဖေကိုယ်တိုင်က လိုက်ကူပေးရသလား။
ဖြေ။            ။ ဖေဖေက တချို့ မြန်မာစကားပြောဆိုတာတွေကို ကူပြီး ရှင်းပြပေးတယ်။ များသောအားဖြင့်တော့ သမီးတို့ဖာသာ သမီးတို့ ဖြေရှင်းတာပါပဲ။ ဖေဖေက ကျောင်းကို လိုက်ပို့ပေးတာမျိုး၊ လိုတဲ့ စာရွက်စာတမ်းတွေ ကူးပေးတာမျိုး၊ နေရေး ထိုင်ရေး ပြင်ဆင်ပေးတာမျိုးတွေကို နောက်ကနေ လုပ်ပေးပါတယ်။

မေး။            ။   အခုလိုမျိုး အဆင်ပြေတယ်လို့ ပြောနိုင်တာက ဘယ်အကြောင်းအရင်းခံတွေကြောင့်လဲ။
ဖြေ။            ။ သမီးတို့သွားတဲ့ စာသင်ကျောင်းက ဆရာတော်ဘုန်းဘုန်းကို ဖရီးမောင့်ဘုန်းကြီးကျောင်းမှာကတည်းက သိထားတယ်လေ။ အခုသွားတာကလည်း ဘုန်းဘုန်းရဲ့ စာသင်ကျောင်းဖြစ်တယ်။ နေဖို့ထိုင်ဖို့ကလည်း ဆရာတော်နဲ့ စာသင်ကျောင်းက သူတွေက ၀ိုင်းပြီး စီစဉ်ပေးတယ်။ ပြီးတော့ သမီးတို့ ဖေဖေကိုယ်တိုင်ကကလည်း အတူတူလိုက်လာတော့ သမီးတို့မတတ်နိုင်တဲ့ ကိစ္စတွေဆိုရင်း ဖြေရှင်းပေးမယ့်သူတွေ ရှိနေတယ်။ သမီးတို့က စာသင်ကျောင်းကို ရောက်အောင်သွားမယ်။ ကလေးတွေကို စည်းရုံးပြီး စာသင်ရမယ်။ သူတို့ကလေးတွေ စာတတ်အောင်လုပ်ပေးရမယ်။ အဲဒါပဲပေါ့။


 မေး။            ။ ကဲ … အဆင်ပြေတဲ့အကြောင်းတွေကိုတော့ သိရပါပြီ။ သမီးတို့ကိုယ်တိုင် ရင်ဆိုင်ရတဲ့ အဆင်မပြေတာတွေကို ပြောပြပါဦး။
ဖြေ။            ။ အရမ်းပူတယ်။ စာသင်တဲ့ အချိန်မှာတောင် တခါးတွေ၊ ပန်ကာတွေ ဖွင့်ထားတာတောင် အရမ်းကို ပူအိုက်နေတာပဲ။ ပြီးတော့ မိုးရာသီဆိုတော့ မိုးရွာရင်လည်း အရမ်းကို ဆူတယ်။ မိုးသံတွေက ကျယ်လွန်းတော့ စာသင်ရင် အော်ပြီး သင်ရတယ်။ ကလေးတွေကိုလည်း မေးရတယ်။ သမီးတို့ ပြောနေတာ ကြားရလား၊ ကြားရလားပေါ့။

မေး။            ။ သမီးတို့ သင်ဖို့ အတန်းစာတွေက ၄တန်း၊ ၅ တန်း၊ ၂ တန်းစာတွေရွေးသွားတယ်ပြောတယ်။ တကယ်သင်ရတော့ ကျောင်းသားတွေက ဘယ်လိုအတန်းက ကျောင်းသားတွေလဲ၊ အသက်တွေက ဘယ်လောက်ရှိနေပြီလဲ။
ဖြေ။            ။ သမီးတို့ သွားသင်တဲ့ အတန်းက ၈တန်း ၉ တန်း ကလေးတွေ၊ သူတို့က ၁၃၊ ၁၄၊ ၁၅ နှစ် အရွယ်တွေပေါ့။ ဒါပေမယ့် ဒီကအတန်းနဲ့ ယှဉ်ရင် ဒီက ၂ တန်း ၃ တန်းက အဆင့် အရေးတို့ အပြောတို့ကို ပြန်သင်ပေးရတာပေါ့။ စပီကင်တို့၊ ဂရာမာတို့ကို ပြန်သင်ပေးရတာဖြစ်တယ်။

မေး။            ။ သူတို့လေးတွေက ဘာတွေ အားနည်းနေတာလို့ ထင်သလဲ။
ဖြေ။            ။ သူတို့တွေက စပီကင် မရဘူးပေါ့။ ပြောနေကျမှ မဟုတ်တာ။ ပြီးတော့ သူတို့က အင်္ဂလိပ်စာကို ဖတ်နိုင်တယ်။ ဒါပေမယ့် နားမလည်ဘူး။ vocabulary တွေကို မသိဘူး။ comprehension စနစ်တကျ စာဖတ်တာကို မရဘူး။ သူတို့ဖတ်ထားတာတွေကို ပြန်မပြောပြတတ်ဘူးလေ။ နောက်ပြီးတော့ သူတို့က နေ့တိုင်း လေ့ကျင့်နေဖို့လည်း အခြေအနေမပေးဘူးလေ။

မေး။            ။ အဲသည်တော့ သမီးတို့တတွေက ဘယ်လိုမျိုး စာသင်တာကို စသလဲ။
ဖြေ။            ။ ကျောင်းမှာက တခြား ဘာသာရပ်တွေ သင်နေတဲ့ ဆရာ၊ ဆရာမတွေ အများကြီး ရှိတယ်။ အင်္ဂလိပ်စာနဲ့ သချာင်္ ပြနေတဲ့ ဆရာမတယောက်လည်း ရှိတယ်။ သူက အင်္ဂလိပ်စာကို မသင်တော့ဘူး။ သမီးတို့ပဲ ဆက်သင်ပေါ့။ ၂ ခါ သင်နေတာမျိုး မဖြစ်အောင်လို့ စဉ်းစားတယ်။ အဲသည်လိုသင်မယ်ဆိုတော့ သူတို့တွေအတွက်ကို grammar ကနေ စသင်မယ်။ grammar သင်ရင်းနဲ့ စကားပြောလည်း သင်သွားမယ်လို့ စဉ်းစားတယ်။ သမီးတို့ကလည်း ၂ မျိုးစလုံး grammer ကော၊ speaking ကော အတူတူ သင်ပေးသွားမယ်ဆိုပြီး လုပ်ကြတာပေါ့။

မေး။            ။ ပထမအဆင့်မှာ သမီးတို့ စကားပြောကနေ မသင်သေးဘဲ grammar တွေကနေ သင်ကြတာပေါ့။
ဖြေ။            ။ ဟုတ်တယ်။ သူတို့ကို grammar တွေ သင်ပေးရတယ်။ စကားလုံးတွေ သိအောင်သင်ပေးရတယ်။ reading တွေ လုပ်ခိုင်းရတယ်။ အဲသည်တော့မှ ပထမပတ်မှာ အင်္ဂလိပ်စာလုံးတွေ သိလာတယ်။ သုံးတတ်လာတယ်။ သူတို့တွေက grammer အခြေခံတော့ ရှိတယ်။ လေ့ကျင့်ခန်း များများ မရှိဘူး၊ များများ သုံးစရာမရှိဘူး။ သည်တော့ သမီးတို့က  grammar workbook တွေကို ကော်ပီတွေ ဆွဲပြီး ဝေပေးပြီး သင်ပေးရတာပေါ့။

မေး။            ။ သမီးတို့တတွေအဲသည်လိုမျိုး စာသွားသင်နေတယ်။ ဘယ်လိုမျိုး သင်နေတာလဲ။
ဖြေ။            ။ သမီးတို့က တပတ်ကို ၅ ရက်၊ နေ့ခင်း ၁၂ နာရီကနေ ၃ နာရီအထိ တောက်လျောက်သင်ရတယ်။ မိုးရွာရွာ၊ နေပူပူ အဲသည် နွယ်ခွေကျောင်းကို သင်ကန်းကျွန်း ၅ ကျမ်းပြန် ကျောင်းတိုက်ကနေ သွားကြတယ်။ မြန်မာပြည်မှာ နေနေတဲ့ ၂ လ လုံးလုံးပေါ့။

မေး။             ။ အဲသည်လိုမျိုး စာသင်နေတော့ သမီးတို့တွေမှာ ဘာတွေ ပြောင်းလဲလာသလဲ။ သမီးတို့ရဲ့ စာသင်သားတွေကကော ဘာတွေ ပြောင်းလဲလာသလဲ။
ဖြေ။            ။ သမီးတို့ကိုယ်တိုင်ကလည်း မြန်မာစကားပြောပြီး ရှင်းပြရတာဆိုတော့ မြန်မာလို ပိုပြီး ပြောဖြစ်လာတယ်။ ပိုပြီး ကျွမ်းကျင်လာတယ်။ ကျောင်းသူ၊ ကျောင်းသားတွေကလည်း အင်္ဂလိပ်လို ပိုပြီး ပြောနိုင်လာတယ်။

မေး။            ။ အဲသည်လိုမျိုး ကိုယ့်စာသင်ခန်းက ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ရင်းနှီးမှုတွေ တည်ဆောက်နိုင်သလိုမျိုး၊ ဌာနေ ဆရာတွေ ဆရာမတွေနဲ့ကော ရင်းနှီးမှုတွေ၊ နားလည်မှုတွေ၊ ဆွေးနွေးမှုတွေကော လုပ်ဖြစ်သလား။ ထူထောင်ဖြစ်သလား။
ဖြေ။            ။ စာသင်ချိန်က တောက်လျောက် ၁၂ နာရီကနေ ၃ နာရီလေ။ ပြီးတော့ တခြား ဆရာတွေ၊ ဆရာမတွေကလည်း အခြား စာသင်ခန်းတွေမှာ အချိန်ပြည့် စာသင်နေရတာဆိုတော့ ဆရာတွေ၊ ဆရာမတွေနဲ့ သိတော့ သိတယ်။ အချိန်သီးသန့်ပေးပြီး စကားပြောဖြစ်တာ၊ ဆွေးနွေးဖြစ်တာတွေ မလုပ်ဖြစ်ခဲ့ဘူး။

မေး။            ။ အဲသည်မှာ အငယ်ဆုံး ကျောင်းဆရာက အသက်ဘယ်လောက်လဲ။ သူတို့ကကော သမီးတို့ကို ဘယ်လိုသဘောထားသလဲ။
ဖြေ။            ။ သူတို့တွေထဲမှာ အငယ်ဆုံး ဆရာမလေးက ၁၈နှစ်ပဲ ရှိသေးတယ်။ တခြားဆရာတွေကတော့ အသက် ၂၀ ကျော်တွေပါ။ သူတို့တွေကို ဆရာတော်က ကျောင်းဆရာလစာပေးပေမယ့် အပြင်ကထက်တော့ နဲတာပေါ့။ ဒါပေမယ့် ဆရာတော့်ကျောင်းမှာ သူတို့က ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့ စာသင်ကြတယ်။ သမီးတို့ကိုလည်း ခင်တယ်။ စိတ်ဝင်စားကြတယ်။

မေး။            ။ စာသင်ရတဲ့ဆီမှာ အမှတ်ရတာလေးတွေ ပြောပါဦး။
ဖြေ။            ။ စာသင်ခန်းထဲ စ၀င်တဲ့အချိန်မှာ သူတို့တွေက “သမီးတို့ကို မင်္ဂလာပါ ဆရာမ” လို့ ၀ိုင်းနှုတ်ဆက်ကြတယ်။ ကျောင်းစာသင်ပြီးသွားရင်လည်း သူတို့က နှုတ်ဆက်တယ်။ “Thank you, Teacher. See you tomorrow, Teacher” လို့ နှုတ်ဆက်ကြတယ်။

မေး။            ။ ကလေးတွေက စာသင်ပေးလိုက်တာနဲ့ တခါတည်း လိုက်နိုင်ကြတာပဲလား။ သူတို့တွေ လိုက်နိုင်ကြသလား။
ဖြေ။            ။ စာ စသင်တော့ သမီးတို့အတန်းက အလွတ်သင်တန်းလေ။ သူတို့အတန်းစာတွေအတွက်တို့၊ ကျောင်းစာမေးပွဲ အောင်ဖို့တို့ မပါဘူး မဟုတ်လား။ ပြီးတော့ ဆရာတော်ကနေပြီးတော့ အင်္ဂလိပ်စကားပြောသင်တန်း ဖွင့်ပေးမယ်ဆိုပြီး စီစဉ်တာလေ။ အဲသည်တော့ ကလေးတွေက တကယ်တန်းမှာ သိပ်စိတ်ဝင်စားလှတယ်လို့ မဟုတ်ဘူး။ အထူးအဆန်းလိုပဲ သဘောထားတာ။ ပြီးတော့ သမီးတို့တွေက အမေရိကားလို အဝေးကြီးကနေ လာကြတယ်ဆိုတာကိုလည်း သေချာ မသိထားဘူး။ ဒီလိုပဲ ရောက်လာကြတယ်ပဲ ထင်ကြပုံရတယ်။ သမီးတို့ မြန်မာစကား ပြောတာက သူတို့နဲ့ မတူတာကို ရယ်စရာဖြစ်နေကြတယ်။ ဒီလောက်ပဲ။ အဲသည်တော့ သမီးတို့ စာ စသင်တော့ တချို့တွေက ချက်ခြင်း မလိုက်နိုင်ဘူး၊ စိတ်မ၀င်စားဘူး၊ အလေးအနက်လည်း မထားဘူး။ တချို့က စာမလိုက်နိုင်ဘူးဆိုပြီး လက်လျော့လိုက်တော့တာပဲ။ သူတို့ကျောင်းစာတွေကို ခိုးလုပ်နေတာမျိုး၊ အိပ်သာသွားမယ်ဆိုပြီး ပြန်မလာတော့ဘဲ သူတို့ အခန်းထဲ ပြန်ဝင်နေကြတာမျိုးတွေ လုပ်ကြတယ်။ ကျောင်းက မိဘမဲ့ကျောင်းဆိုတော့ သူတို့ပြန်စရာက သူတို့အခန်းတွေက ကျောင်းထဲမှာပဲ ရှိတယ်လေ။

မေး။            ။ အဲသည်တော့ သမီးတို့တွေက ဘယ်လိုဖြေရှင်းလဲ။
ဖြေ။            ။ တဦးချင်းဆီ အချိန်ပေးပြီး သူတို့ကို စာသင်ပေးတယ်။ စာသင်ခန်းတခုလုံးအနေနဲ့ သင်တဲ့အပြင် သူတို့တွေနဲ့လည်း သီးခြား အချိန်ပေးပြီး သင်တာပေါ့။ ပြီးတော့မှ အားလုံးနဲ့ တူအောင် ပြန်ဆွဲခေါ်တယ်။

မေး။            ။ သမီးတို့ အမေရိကန်မှာတွေ့နေကျ ကျောင်းကကလေးတွေနဲ့ မြန်မာပြည်က အဲသည်ကျောင်းက ကလေးတွေ အဓိက ဘာကွာခြားတာရှိသလဲ။
ဖြေ။            ။ They don’t interact with each other or with teacher in the classroom. သူတို့က စာသင်ခန်းထဲမှာ အချင်းချင်းလဲ အပြန်အလှန် ပြောဆို ဆက်ဆံတာမရှိဘူး။ ဆရာနဲ့လည်း စကား မပြောချင်ကြဘူး။ ငြိမ်ငြိမ်လေး နေကြတယ်။ သတ်သတ်နေချင်တယ်။ သမီးတို့တွေက သူတို့နဲ့ နီးနီးစပ်စပ် ရင်းနှီးအောင် ကြိုးစားရတာပေါ့။ နောက်တော့ သမီးတို့ အတန်းကို တက်ဖို့ နယ်က လာတဲ့ ကျောင်းသူ ၅ ယောက်နဲ့ ပိုပြီး ခင်သွားတယ်။ ကျောင်းပြီးသွားရင် သူတို့ကလည်း ငါးကျမ်းပြန်ကျောင်းမှာ တည်းခိုနေတော့ သူတို့နဲ့ အိမ်စာလုပ်တာ၊ စာဖတ်တာတွေ ဆက်လုပ်ဖြစ်တယ်။ ညဖက်မှာလည်း စကားတွေ ပြောဖြစ်တယ်။ သူတို့တွေက သမီးတို့နဲ့ ညီအမတွေလို ဖြစ်လာတယ်။

မေး။            ။ သူတို့က နွယ်ခွေကျောင်းက မိဘမဲ့ကလေးတွေ မဟုတ်ဘူးလား။
ဖြေ။            ။ သူတို့တွေက နယ်က လာတက်တဲ့ကလေးတွေလေ။ တိုင်းရင်းသားကလေးတွေလေ။ သူတို့က ငါးကျမ်းပြန်မှာ လာနေပြီး နွယ်ခွေမှာ ကျောင်းလာတက်တာပေါ့။

မေး။            ။ မြန်မာလိုပြောတာတွေမှာ ဘာတွေ ခက်တာရှိလဲ။
ဖြေ။            ။ သမီးတို့က မခေါ်တတ်တဲ့ မြန်မာစာလုံးတွေ ရှိတယ်။ မျက်ခုံးမွှေးကို သမီးတို့က ပြန်မေးရတာပေါ့နော်၊ အတန်းသားတွေကို၊ မျက်လုံးအထက်က ဆံပင်ကို ဘာခေါ်သလဲ လို့။ (ရယ်လျက်)

မေး။            ။ ကျောင်းသားတွေကိုကော ကြည့်ရတာ ဘယ်လိုနေသလဲ။
ဖြေ။            ။ သူတို့တွေက တကယ်ကို စာတွေ သိချင်တယ်။ တကယ်ကို စာတတ်ချင်ကြတယ်။ ကျောင်းမှာ သူတို့တွေက ရည်မှန်းချက်တွေ အများကြီးထားပြီး စာသင်နေကြတာကို မြင်ရတယ်။ သမီးတို့လိုမျိုး အစစ အရာရာ ပြည့်စုံတဲ့သူတွေ မဟုတ်ဘူး။ သူတို့တွေရဲ့ ဘ၀ထွက်ပေါက်၊ တက်လမ်းက ပညာရေးက အသက်ပဲလို့ သူတို့က ဆုံးဖြတ်ထားတာကို သမီးတို့ မြင်ရတယ်၊ ခံစားရတယ်။ နောက်ပိုင်းမှာ သမီးတို့ကို စာမေးရင် အားလုံးက ၀ိုင်းလာပြီး နားထောင်တယ်။ အကုန်လုံးကို သိချင်တယ်။ အဲလိုမျိုး ဖြစ်နေတယ်။

မေး။            ။ ဒါက သမီးတို့ စာသင်ခန်းထဲမှာလား။ တခြားစာသင်ခန်းတွေမှာကောပဲလား။
ဖြေ။            ။ ကျောင်းတကျောင်းလုံးက ကျောင်းသားတွေအားလုံး အဲသည်လိုမျိုးပဲ။ အတန်းကြီးတွေဆိုရင် ဘုန်းဘုန်းက ရပ်ကွက်ထဲက အထက်တန်းကျောင်းမှာ စာသွားသင်ခိုင်းတယ်။ ကျောင်းအပ်ထားတယ်။ အဲဒီကို သူတို့ ခြေကျင် အစောကြီး သွားရတယ်။ အကြာကြီး လမ်းလျောက်ပြန်ရတယ်။ သူတို့တွေက စာမေးပွဲတွေအတွက် အမြဲ စိတ်ပူပြီး စာကျက်နေကြတယ်။ သူတို့အတွက် ကစားတဲ့အချိန်၊ ပျော်တဲ့အချိန်တွေလည်း ရှိတာပေါ့နော်။ ကျောင်းဝင်းထဲမှာ ဗာဟီရ လုပ်စရာတွေလည်း သူတို့တွေ ၀ိုင်းလုပ်ကြရတယ်။ အချင်းချင်းလည်း ပြန်ပြီး စောင့်ရှောက်ကြရတယ်လေ။ မိဘတွေမှ မရှိတာကိုး။

မေး။            ။ သမီးတို့တွေက သူတို့ကို ဘယ်လိုမျိုး ခင်မင်လာအောင်၊ အပြန်အလှန် ပြောဆိုရဲလာအောင် ဘယ်လိုလုပ်သလဲ။
ဖြေ။            ။ သမီးတို့က အတန်းရှေ့မှာ သူတို့အချင်းချင်း အင်္ဂလိပ်လို ပြောတဲ့ လေ့ကျင့်ခန်းလုပ်ပေးတယ်။ အချင်းချင်း စာမရရင် နားရွက်ဆွဲခိုင်းတာတို့၊ စာရသူတွေကို လက်ဆောင်လေးတွေ ပျော်အောင် ပေးတယ်။ အိမ်စာတွေ မခိုင်းပါဘူး။ စာဖတ်ထားခိုင်းတာမျိုးပဲ လုပ်ပါတယ်။ နောက်နေ့မှ ပြန်မေးမယ်ပေါ့။ သူတို့တွေဆီမှာ ပျော်နေအောင် လုပ်ပေးခဲ့တယ်။
မေး။            ။ အဲသည်တော့ အခုသမီးတို့ ပြန်လာခဲ့ကြပြီ။ သူတို့တွေကို ထားခဲ့ပြီ။ အဲသည်လိုမျိုး စာသင်တဲ့ ပုံစံကို ကျန်ရစ်တဲ့ ဆရာ၊ ဆရာမတွေက ဆက်ပြီး ထိန်းသိမ်းထားမယ်။သူတို့ကလေးတွေကလည်း ဆက်ပြီး လုပ်နေကြလိမ့်မယ် လို့ ထင်သလား။
ဖြေ။            ။ အဲလိုတော့ ဆက်ပြီး ထိန်းသိမ်းနိုင်လိမ့်မယ် မထင်ဘူး။ သမီးတို့က ၂ လလောက်ပဲ နေခဲ့ရတာ။ အင်္ဂလိပ်စကားပြောပဲ သင်ပေးနိုင်ခဲ့တာလေ။ အခြား ဆရာတွေ၊ ဆရာမတွေကလည်း သမီးတို့နဲ့အတူ လိုက်ပြီး လေ့လာတာမျိုး၊ တွဲပြီး သင်တာမျိုး မရှိတော့ ဆက်လုပ်ဖြစ်မယ်တော့ မထင်ဘူး။

မေး။            ။ ဒါဆိုရင် နောက်တခါကျရင် ကျောင်းခံ ဆရာ၊ ဆရာမတွေနဲ့ တွဲပြီး သင်ပေးနိုင်ရင် ပိုပြီး ကောင်းမှာပေါ့။ သူတို့တွေအတွက်လည်း နမူနာယူစရာတွေ ကျန်ရစ်မှာပေါ့။
ဖြေ။            ။ ဟုတ်တယ်။ အဲသလိုမျိုး လုပ်ရမယ်။

မေး။            ။ နောက်တခါကော ရှိဦးမှာလား သမီးတို့ရဲ့။
ဖြေ။            ။ နောက်တခါ ရှိဦးမယ် သေချာတယ်။ နောက်နှစ် နွေရာသီကျရင်လည်း သမီးတို့ ပြန်သွားဦးမယ်။

မေး။            ။ အဲဒီလိုမျိုးပေါ့လေ၊ သမီးတို့တွေ မရှိပေမယ့်လည်း သမီးတို့ကျောင်းမှာ ကျောင်းသားတွေကို ဆက်ပြီး လေ့လာနေအောင်၊ အင်္ဂလိပ်စကားပြော လေ့ကျင့်ပြီး ကျန်ရစ်အောင် ထိန်းသိမ်းထားနိုင်ဖို့ ဘာတွေ လုပ်ပေးခဲ့ရင် ကောင်းမယ်လို့ ထင်သလဲ။ ဘာတွေ ချန်ထားခဲ့သင့်လဲ၊ အခုဆိုရင်လည်း ဘာတွေ လုပ်ပေးထားသင့်တယ် ထင်တယ်။
ဖြေ။            ။ ဆရာတွေ ဆရာမတွေနဲ့ တွဲပြီး တခုခု လုပ်နိုင်ခဲ့ရင် ကောင်းမယ်။ စာဖတ်ခန်းလေး၊ စာအုပ်စင်လေးတွေ လုပ်ပေးခဲ့ရင် ကောင်းမယ်။ သူတို့တွေ အားရင် အပျော်ကြည့်ဖို့ ရုပ်သံ အခွေတွေ၊ အစီအစဉ်တွေ ထားခဲ့တာ၊ ပို့ပေးတာတွေ လုပ်ပေးနိုင်ရင် ကောင်းမယ် ထင်ပါတယ်။ အဆက်မပြတ် သူတို့နဲ့ စာရေးတာ၊ ဆက်သွယ်တာတွေ လုပ်နေနိုင်ရင် ကောင်းမယ် ထင်ပါတယ်။ အခုတော့ သမီးတို့တွေရဲ့ worksheet တွေ သင်ခန်းစာစာရွက်တွေ ထားရစ်ခဲ့တယ်။

မေး။            ။ ကလေးတွေက ဘယ်လို နေထိုင်စားသောက်ရသလဲ။ သူတို့နေရာတာ ဘယ်လိုနေသလဲ။
ဖြေ။            ။ သမီးတို့ ရောက်သွားတာ မိုးရာသီဆိုတော့ ခြင်တွေ၊ ယင်ကောင်တွေ အများကြီးပဲ။ စားသောက်ဆောင်ထဲမှာဆိုရင် ယင်ကောင်တွေ တွေ့ရတယ်။ ကလေးတွေက သူတို့ဖာသာ သူတို့ အလုပ်လေးတွေ လုပ်ပြီး နေထိုင်ရတယ်၊ အဆိုင်းမင့်လေးတွေ လုပ်ရတယ်။ သန့်ရှင်းရေးတို့၊ ရေလောင်းတာ၊ မီးဖိုချောင်ကူတာတွေ အဲလိုမျိုးပေါ့။ သူတို့အတွက် ဇလုံလေးတွေ၊ ရေခွက်လေးတွေ သတ်မှတ်ထားတာ ရှိတယ်။

မေး။            ။ သူတို့တွေဘ၀မှာ သူတို့တွေ ပျော်ကြရဲ့လား။
ဖြေ။            ။ ပျော်တယ်။ သူတို့တွေ ပျော်နေတာပဲ။ အားရင် ကောင်လေးတွေက ဘောလုံးကန်တယ်၊ ဆော့တယ်။ သူတို့တွေက အမြဲ အားရှိတယ်၊ တက်ကြွနေတာကို မြင်ရတယ်။ မျှော်လင့်ချက်တွေနဲ့ တက်ကြွနေတယ်။

မေး။            ။ မိဘမဲ့ဂေဟာက ကလေးတွေက … ဘာကြောင့် တက်ကြွနေတာလဲ၊ ဘာတွေသူတို့မှာ မျှော်လင့်ချက်ရှိနေလို့ ထင်သလဲ။
ဖြေ။            ။ သူတို့တွေကို သမီးထင်တာကတော့ သူတို့မှာ ဒီထက်ဆိုးတာတွေကို ဖြတ်သန်းခဲ့ရပြီးပြီ။ They have seen and experienced worst already. သည်တော့ သူတို့ အနာဂတ်အတွက် သည်နေရာကနေ ဒီထက် ပိုပြီး ကောင်းအောင်၊ တိုးတက်အောင် လုပ်ဖို့ပဲ ရှိတယ်ဆိုတာကို ဆုံးဖြတ်ထားပြီးသား၊ အမြင်ရှင်းထားပြီးသား ဖြစ်တယ်လို့ ထင်တယ်။ သူတို့တွေက ဟိုးအဝေးကြီးမှာ နေရာတာလေ၊ ရွာတွေမှာ၊ စာမသင်ရဘူး၊ စားစရာ မရှိဘူး၊ အရမ်းပင်ပန်းဆင်းရဲတယ်။ အခု သူတို့နေ နေရာတာက အရင်ကထက် အများကြီး သက်သာတယ်၊ ကောင်းတယ်ဆိုတာ သိတယ်။ ကျောင်းက ဆရာတွေ၊ ဆရာမတွေကလည်းကော၊ ဘုန်းဘုန်းတို့တွေကကော အရမ်းကို သူတို့ကို စေတနာထားတယ်၊ ဂရုစိုက်တယ်။ အဲသည်လိုမျိုး ဖြစ်နေတယ်လို့ သမီးတို့ ထင်တယ်။

မေး။            ။ သူတို့ကလေးတွေက ဘယ်လိုမျိုး သည်ကို ရောက်လာတယ်လို့ ပြောသလဲ။
ဖြေ။            ။ နယ်တွေ၊ ဟိုးအဝေးကြီးတွေ ရွာတွေကို သာသနာပြု ဘုန်းကြီးတွေ သွားတယ်။ ကလေးတွေကို တွေ့တယ်။ မိဘတွေ ရှိတဲ့ကလေးတွေလည်း ရှိတယ်။ မိဘမရှိတဲ့ ကလေးတွေလည်း ရှိတယ်။ အဲသည်ထဲက စာသင်ချင်တဲ့ စာတတ်ချင်တဲ့ကလေးတွေကို ဘုန်းဘုန်းတွေက သည်ကျောင်းကို ခေါ်ပြီး အပ်ပေးထားတယ်။ တချို့ကလေးတွေကို မိဘတွေက တခါတလေ မြန်မာကျပ်ငွေ ၁သောင်းလောက် ပို့ပေးတယ် ပြောတယ်။

မေး။            ။ အဲသည်လို ငွေအပိုရရင် ကလေးတွေက ဘာလုပ်သလဲ။
ဖြေ။            ။ သူတို့လိုချင်တဲ့ ကစားစရာလေးတွေ၊ စားစရာလေးတွေ အနီးအနားက ဆိုင်တွေမှာ ၀ယ်ကြတယ် ပြောတယ်။ ဒါပေမယ့် ဖိနပ်မရှိရင် ဖိနပ်ပြတ်သွားတာမျိုးတွေကျတော့ ကျောင်းက ဘုန်းဘုန်းတွေက အကုန် ထုတ်ပေးပြီး ဆင်ပေးတာပဲ။ အသုံးအဆောင်တွေလည်း ကျောင်းက ထုတ်ပေးပါတယ်။ အလှူရှင်တွေလည်း ရှိတယ်။

မေး။            ။ ကျောင်းအိပ် ကျောင်းစား ဘယ်နှစ်ယောက်ရှိသလဲ။
ဖြေ။            ။ ၂၀၀ လောက်ရှိတယ်။

မေး။            ။ စာသင်ကျောင်းဆိုတော့ အနီးအနားက ကလေးတွေကော ကျောင်းလာမတက်ဘူးလား။
ဖြေ။            ။ တက်တယ်။ မူလတန်းကလေးတွေက ၂၀၀ လောက် လာတက်ကြတယ် ပြောပါတယ်။

မေး။            ။ ဆရာ ဆရာမ ဘယ်နှစ်ယောက် ရှိလဲ။
ဖြေ။            ။ ၇ ယောက်ရှိတယ်။ တချို့က မီးဖိုချောင်ထဲမှာ ၀င်ကူတဲ့သူတွေ ရှိတယ်။

မေး            ။ ဆရာတွေ လစာတွေကော သိသလား၊ သမီးတို့အဖေက ဖြေပါဦး။
ကိုဇော်မင်း။            ။ ဆရာတော်နဲ့ ကျောင်းကို ခင်တွယ်ပြီး ဆရာတွေ ဆရာမတွေက ကလေးတွေကို စာသင်ပေးနေကြတာလို့ သိရတယ်။ ထောက်ကြံ့မှာက အဲလို ဘကကျောင်းတွေ ရှိတယ်လေ။ အပြင်မှာ သူတို့ရနိုင်တဲ့ ဆရာလခရဲ့ တ၀က်လောက်ပဲ ယူပြီးတော့ သူတို့က သည်ကျောင်းမှာ စာသင်နေကြတာ။

မေး။            ။ သူတို့ကလေးတွေက သူတို့ကြီးလာရင် ဘာလုပ်မယ်ဆိုတာကို သိနေကြပြီလား။
နုနုနဲ့ ငယ်ငယ် ဖြေ။            ။ သမီးတို့က မေးရင် သူတို့မှာ အသက်မွေးဝမ်းကြောင်းအတွက် ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်ထားသူတွေချည်းပဲ။

မေး။            ။ ဟုတ်ပြီ သမီးတို့ ဘာတွေ ဆက်လုပ်မလဲ။ သမီးတို့လိုမျိုး လုပ်ချင်တဲ့သူတွေကိုကော ဘာပြောချင်သလဲ။
ဖြေ။            ။ သမီးတို့ နောက်တနှစ် စာသွားသင်မယ်။ အခုက ၈ တန်းသင်ခဲ့တာဆိုတော့၊ နောက်နှစ်ဆို ၉  တန်းသင်မယ်။ ဒီထက်ပိုပြီး ကောင်းတဲ့ ပစ္စည်းတွေ၊ အကူပစ္စည်းတွေ စုဆောင်းသွားမယ်။  သမီးတို့လိုမျိုး လုပ်ချင်တဲ့သူတွေကိုလည်း ဒီမှာ ရှင်းပြပေးနိုင်တယ်လေ။ ဘယ်လိုပြင်ဆင်သွားရမယ် ဆိုတာ သမီးတို့ ပြောပြနိုင်တယ်။ သူတို့ဖာသာ သူုတို့လည်း သည်လိုမျိုး ကျောင်းတွေမှာ သွားကူနိုင်မယ်လေ။

မေး။            ။ အဲသည်လို သမီးတို့လိုမျိုး လုပ်ချင်သူတွေကို ဘာပြောချင်သလဲ။
ဖြေ။            ။ မြန်မာစကားတော့ ပြောတတ်အောင်လုပ်ပြီးမှ သွားပါလို့ ပြောချင်တယ်။ မြန်မာစကားမတတ်ရင် ကလေးတွေနဲ့ စကားပြောဖို့ ပြန်လုပ်နေရတာ အချိန်ကုန်တာပေါ့။ ပြီးတော့ သွားလို့ရှိရင် ကိုယ့်မိဘတွေ၊ အုပ်ထိန်းသူတွေပါ တပါတည်း လိုက်ပါသွားစေချင်တယ်။ အစစ အရာရာ လိုအပ်ချက်တွေကို လူကြီးတွေက ဖြည့်ဆည်းပေးနိုင်တယ်။ ၀ိုင်းကူလုပ်ပေးမယ့် သူတွေလည်း ရှိထားရမယ်၊ သိထားရမယ်။ သမီးတို့အဖေက လိုက်လာပေးတော့ ဖေဖေက လိုတာတွေ လုပ်ပေးထားတယ်။ စိတ်ပူစရာ မလိုဘူး။ နောက်နှစ်ဆိုရင် မေမေ့ကို ခေါ်သွားမယ်။

မေး။            ။ ဒါဆိုရင် သမီးတို့က သူများအားကိုးနေတာပဲပေါ့။
ဖြေ။            ။ ကိုယ်မလုပ်နိုင်တာတွေ ရှိတယ်လေ။ ဒီအတွက်ကတော့ လူကြီးတွေကို အားကိုးရမှာပေါ့။ ကိုယ်လုပ်နိုင်တာတွေကတော့ သမီးတို့ချည်းပဲ လုပ်ရတာပေါ့။ စာသင်တာ၊ ကလေးတွေအတွက် လုပ်ပေးတာ။ အလုပ်ကို အောင်မြင်အောင်လုပ်တာတွေက သမီးတို့ လုပ်ကြမှာလေ။ အဲသည်မှာတော့ သမီးတို့က စိတ်မပျက်ဘူး၊ အားမလျော့ဘူး၊ သူများတွေကို အပြစ်မတင်ဘူး၊ ကိုယ့်အားကိုယ်ကိုးတယ်။ ခြင်ကိုက်တာတွေ၊ ပူတာ အိုက်တာတွေ၊ မိုးရာသီမှာ အ၀တ်တွေ မခြောက်တာတွေ၊ စိုထိုင်းထိုင်းနဲ့ အ၀တ်တွေက နံတာတွေ ဒါတွေကို သမီးတို့ဘာသာ လုပ်ရတာပေါ့။ သမီးတို့ပြောတာကို သူတို့နားမလည်တာတွေလည်း ခံရတာပေါ့။ သူတို့ကလည်း သမီးတို့ကို ဟားတာတွေ၊ နောက်တာတွေလည်း ခံရတာပေါ့။ သီးခံရတယ်။

မေး။            ။ ကဲ သီးခံရတဲ့ အကြောင်းတခုလောက် ပြောပါဦး။
ဖြေ။            ။ သမီးတို့ အတန်းစသင်တော့ ဆရာတော်က အတန်းကို ဖွင့်ပေးတယ်။ မိတ်ဆက်စကားပြောပြီးတော့ အတန်းကို သမီးတို့ကို အပ်တယ်။ သမီးတို့က ဟိုးအဝေးကြီးက အမေရိကားကနေ လာပြီး စာသင်တယ်ဆိုတာကို ပြောမထားဘူးလေ။ ပြောစရာ မလိုဘူးလို့လဲ ထင်တာပေါ့။ ဒါပေမယ့် ကလေးတွေက သမီးတို့ကို စ စ ချင်းမှာ ဘယ်လိုမှ နားမလည်ဘူး။ သဘောလည်း မပေါက်ဘူး။ ဂရုလည်း မစိုက်ဘူး။ သမီးတို့ အဖေလိုက်လာရင်တော့ အတန်းက ငြိမ်တယ်။ မဟုတ်ရင် အတန်းက မငြိမ်ဘူး။ တချို့ကောင်လေးတွေက အရမ်းဆိုးတယ်။ အဲဒီလိုနဲ့ သီးခံပြီး စာသင်ရတယ်၊ ရင်းနှီးမှုကို ဆောက်ရတယ်။ နောက်ကျတော့ တချို့က အရမ်းကို နားမလည်ဘူး၊ မသိတတ်ဘူး ဖြစ်နေတော့ သမီးတို့က ပြောပြရတာပေါ့။ သမီးတို့က ဟိုးအဝေးကြီးကနေ လာတာ၊ ဒီအတန်းမှာ စာသင်ဖို့အတွက် သက်သက်ပဲ လာတာ။ သမီးတို့က ဒီက ကလေးတွေနဲ့ တကယ်ကို အတူတူ ၀ိုင်းပြီး စာသင်ကြမယ်၊ တတ်အောင် သင်ကြမယ်လို့ ပြောပြလိုက်တော့မှ အဲသည်ကလေးတွေက သဘောပေါက်ပြီး ပြောင်းသွားတယ်။ စိတ်ဝင်စားလာကြတယ်။

မေး။            ။ အဲလောက်တောင် စိတ်ညစ်စရာကောင်းတာ၊ သဘောမပေါက်တဲ့သူတွေရှိတဲ့နေရာကို နောက်တခါ ထပ်ပြီး သွားသင်ချင်ရတာလဲ။
ဖြေ။            ။ သမီးတို့ အခုလို သွားပြီး စာသင်ရတာ သမီးတို့အတွက် တကယ်ကို တန်ဖိုးရှိတဲ့ အတွေ့အကြုံဖြစ်တယ်လို့ မြင်ပါတယ်။ ဟိုက ကလေးတွေအတွက်လည်း တကယ်ကို အတွေးအမြင်တွေ ပြောင်းသွားစေတယ်၊ ပိုပြီးတော့ အားရှိသွားစေတယ်လို့ မြင်ပါတယ်။ သူတို့တွေအတွက် မိတ်ဆွေတွေ၊ ဂရုစိုက်တဲ့သူတွေ ရှိတယ်ဆိုတာကို လက်တွေ့ပြလိုက်တယ်လေ။ သမီးတို့တွေကို တခါထဲလာပြီး ပျောက်သွားတာမျိုး မဟုတ်ဘူး။ သူတို့တွေအတွက် သမီးတို့က ဂရုစိုက်တယ်၊ နောက်တခါပြန်လာတယ်ဆိုတာမျိုးကို ပြချင်တယ်။ သူတို့တွေလည်း ဆက်ပြီး ရှေ့ကို သွားချင်ကြမှာပေါ့။

မေး။            ။ သမီးသူငယ်ချင်းတွေကလည်း ဒီကနေ အတူလိုက်ချင်ကြတယ်ဆိုရင် သမီးတို့ ဘာလုပ်မလဲ။
ဖြေ။            ။ သူတို့ မိဘတွေ၊ အုပ်ထိန်းသူတွေနဲ့ တာဝန်ယူပြီး စီစဉ်တာပဲ ဖြစ်စေချင်တယ်။ သမီးတို့က သူတို့ကို အကုန်လုံး အစစ တာဝန်မယူနိုင်ဘူးလေ။ သူတို့ဘာသာ သူတို့ မိဘတွေနဲ့ တာဝန်ယူရမယ်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်မယ်ဆိုတာမျိုး ရှိရမယ်လေ။

မေး။            ။ သမီးတို့ သွားတဲ့ ရွေးချယ်တဲ့ စာသင်ကျောင်းရဲ့ အခမ်းကဏ္ဍကကော ဘယ်လို အရေးပါတယ်ပြောမလဲ။
ဖြေ။            ။ ဟုတ်တယ်။ သမီးတို့သွားတဲ့ စာသင်ကျောင်းက ဘုန်းဘုန်းကလည်း အရမ်းဂရုစိုက်တယ်။ သမီးတို့ကိုတင် မဟုတ်ဘူး၊ သူ့ကျောင်းနဲ့ ကလေးတွေကို အများကြီး မျှော်လင့်တယ်။ ကျောင်းက လူကြီးတွေ၊ ဆရာတွေကလည်း ၀ိုင်းဝန်းကြတယ်။ အဲသည်တော့ အစစ အဆင်ပြေတာပေါ့။ သူတို့ အားလုံးကို ကျေးဇူးတင်ပါတယ်။


မေး။            ။ ဘာလို့ အင်္ဂလိပ်စကားပြောက အရမ်းအရေးကြီးနေရတာလဲ။ သူတို့က တကယ်ကို စကားပြောတတ်ချင်တာကော ဟုတ်ကဲ့လား။
ဖြေ။            ။ ဘုန်းဘုန်းကိုယ်တိုင်က ဒါကို ကျောင်းသားတိုင်းကို တတ်စေချင်တယ်။ ဒါက ကမ္ဘာသုံးစကားလေ။ ဒီစကားတတ်ရင် ပညာသင်ရတာ လွယ်မယ်။ အထောက်အကူရမယ်။ စကားပြောတတ်ရင်ပဲ အပြင်မှာ သူတို့တွေ အလုပ်တွေ ဘာတွေ ရတာ အဆင်ပြေမယ်လို့ ဘုန်းဘုန်းက သဘောထားတယ်။ သမီးတို့ကို မြင်လိုက်တော့လည်း၊ သမီးတို့ ပြောဆိုနေတာကို တွေ့နေရတော့လည်း အင်္ဂလိပ်စကားတတ်တာက အကျိုးရှိတယ်၊ ဖြစ်နိုင်တယ်ဆိုတာကို သူတို့ကလေးတွေကိုယ်တိုင်က သဘောထားဖြစ်လာတယ်။ သူတို့ဘ၀အတွက် ဒါဟာ အရေးပါတယ်ဆိုတာ သူတို့ သိလာတယ်။ သိနေတယ်။

မေး။            ။ သူတို့တွေ စာတွေ တတ်ပြီး၊ အမြင်တွေ ပြောင်းပြီး ကျန်ရစ်ခဲ့တယ်ပေါ့။ ပြောတတ်ဆိုတတ်ပြီး ကျန်ရစ်ခဲ့တယ်ပေါ့။ သမီးတို့တတွေကော ဘယ်လို ခံစားချက်တွေနဲ့ ပြန်လာခဲ့ကြသလဲ။
ဖြေ။            ။ သမီးတို့ နောက်ဆုံးနေ့မှာ သမီးတို့ စာအုပ်တွေ လှူတယ်၊ လက်ဆောင်လေးတွေ ပေးတယ်။ ပြီင်္းတော့ သမီးတို့အတွက် အမှတ်တရစာလေးတွေ ရေးခိုင်းတယ်။ သူတို့ကလေးတွေကို သမီးတို့နဲ့ ပတ်သက်ပြီး ပြောချင်တာတွေကို မေးခွန်းလေးတွေနဲ့ မေးပြီး ဖြေခိုင်းတယ်။ ဘာတွေ သိသွားသလဲ၊ ဘာတွေ ဆက်လုပ်ရင်ကောင်းမလဲ၊ သမီးတို့တတွေကို ဘယ်လိုသဘောထားလဲ ဆိုတာတွေ မေးတယ်။ သူတို့တွေက မြန်မာလို ပြန်ရေးပေးကြတယ်။ အဲသည်စာကလေးတွေကို အမှတ်တရ သိမ်းပြီး ပြန်သယ်လာတယ်။ ဖေဖေက မြန်မာလို ဖတ်ပြီး ပြန်ပြောပြတယ်။ အရမ်း စိတ်ဝင်စားစရာကောင်းတဲ့ စာကလေးတွေပါ။

မေး။            ။ အဲသည်မှာ ဘာတွေလုပ်ကြသေးလဲ။
ဖြေ။            ။ သူတို့တွေနဲ့ group photo တွေ ရိုက်တယ်။ ပြီးတော့ တဦးချင်းစီ သမီးတို့နဲ့ အမှတ်တရ ဓာတ်ပုံတွေ ရိုက်တယ်။ သူတို့တွေ ပျော်နေကြတယ်။ သူတို့သူငယ်ချင်းတွေကလည်း ဓာတ်ပုံရိုက်ချင်တယ်ဆိုတော့ သူတို့အခြားအတန်းက ကလေးတွေနဲ့လည်း ဓာတ်ပုံရိုက်ပေးရသေးတယ်။ အဲဒါတွေ သူတို့ဆီမှာ ထားရစ်ခဲ့တယ်။

မေး။            ။ သမီးတို့အကြောင်းတွေကိုကော မမေးဘူးလား။
ဖြေ။            ။ နောက်ဆုံး ပြန်ခါနီးမှာ သမီးတို့တွေက ကားစောင့်နေတာပေါ့နော်။ သူတို့တွေက ၀ိုင်းပြီး မေးနေကြတာပေါ့။ အမေရိကားက ဘယ်နေရာလဲ၊ ကယ်လီဖိုးနီးယားဆိုတာ ဘယ်လိုလဲ။ ဟိုမှာ သမီးတို့ ဘာတွေ လုပ်နေမှာလဲ။ ဟိုမှာ ဘယ်လိုတွေ ရှိတာလဲ … စသည်ဖြင့် မေးကြတယ်။ စကားတွေ ပြောကြတာပေါ့။

မေး။            ။ နောက်တော့ကော …
ဖြေ။            ။ သမီးတို့တွေက အားလုံး အတူတူထိုင်ပြီး စကားပြောနေတာပေါ့နော်။ င်္ပြီးတော့ သူတို့က ကုလားထိုင် ၂ လုံး ယူလာတယ်။ ပြီးတော့ သမီးတို့ကို ထိုင်ခိုင်းတယ်။ သမီးတို့ ထိုင်လိုက်တော့ သူတို့တွေအားလုံးက သမီးတို့ကို ထိုင်ရှိခိုးကြတယ်။ သမီးတို့ကို ကျေးဇူးတင်တယ်ပေါ့နော်။ အဲသည်အတွက် သူတို့ ဆရာမတွေကို သူတို့က အဲသည်လို နှုတ်ဆက်ကြတယ်။ အဲသည်အချိန်ဟာ သမီးတို့အတွက် အမှတ်တရ အရှိဆုံးပဲ။ ပြီးတော့ ဒီအချိန်မှာ သမီးတို့အတွက် တန်ဖိုးအရှိဆုံးအချိန်ပဲ။ သမီးတို့ ဒါကို အမြဲသတိရနေတော့မယ်။

မေး။            ။ အဲဒါက ကျနော်တို့ မြန်မာရိုးရာထုံးတမ်း အစဉ်အလာ၊ ဆရာသမားတွေကို ဂါရ၀ပြုတဲ့ အလေ့အထပေါ့ သမီးတို့ရယ်။ ဟုတ်ပါပြီ၊ ဒီလောက်ပါပဲ။ ကျေးဇူးတင်ပါတယ်။ သမီးတို့ရယ်၊ သမီးတို့ရဲ့ မိဘတွေ ဖြစ်တဲ့ ကိုဇော်မင်းနဲ့ မခင်ခင်ထွေးတို့ကိုလည်း ကျေးဇူးတင်ပါတယ်။

(မိုးမခမှတ်ချက် - ဆရာတော် ဦးဓမ္မပီယထူထောင်ထားသော မေတ္တာနန္ဒကျောင်း ၀က်ဆိုက်ကို သည်နေရာမှာ ကြည့်ပါ။ (http://MettaNanda.com ) အထက်ပါ အစီအစဉ်များအတွက်လည်း မိုးမခကို စုံစမ်းမေးမြန်းနိုင်ပါသည်)

Tuesday, September 13, 2011

How People Think Posivite ?

အမြင်မတူတဲ့အတွေးများ
ဘိက္ခုဓမ္မပိယ(USA)
စက်တင်ဘာ ၁၄၊ ၂၀၁၁
လူ့ဘဝနဲ့အတွေး။ လူ့ဘဝကိုရလာသူတိုင်း အတွေးဆိုတာရှိစမြဲပါ။ အတွေးကိုအခြေခံပြီး အထက်တန်းစား ဘဝ များသို့ ရောက်ရှိသွားသူများရှိသလို၊ အတွေးကိုအခြေခံပြီး အောက်တန်းစားဘဝများသို့ ရောက်ရှိသွားသူတွေကလဲဒုနဲ့ဒေး။ လူ့ဘဝမှာအရေးပါလှတဲ့ အတွေးဆိုတဲ့အရေးကိစ္စမှာ မှန်ကန်တဲ့အတွေး၊ မှားယွင်းတဲ့အတွေး၊ ဒီအတွေးနှစ်ခု ဘယ်သင်းကိုအရင်စလို့ ဘယ်သင်းကိုနောက်ချပြီး တွေးသင့်တယ်ဆိုတာ တွေးကြည့်ဖို့ပါ။
အဲဒီအတွေးနှစ်ခုကို မစဉ်းစားမီ စဉ်းစားစရာတစ်ခု ဖြစ်လာတာက အတွေးဆိုတာဘာလဲ။ အတွေးကို ဗုဒ္ဓအဘိဓမ္မာ (ဗုဒ္ဓစ်(စ်)ဆိုက်ကိုလိုဂျီ) မှာ “ဝိတက္က” လို့ အသုံးရှိပြီး၊ မြန်မာမှုပြုတော့ “ဝိတက်”၊ မြန်မာလိုအဓိပ္ပါယ်ပြန်တော့ “အတွေး”တဲ့။ “ညကဝိတက်တွေများနေလို့ အတော်နဲ့ကို အိပ်မပျော်နိုင်ဘူး”ဆိုတဲ့ စကားအသုံးအနှုံးကို လူတိုင်းနီးနီးကြားဖူးမှာပါ။ အတွေးမှာ လွတ်လပ်ခွင့်ရှိတယ် ဆိုပေမဲ့လို့ တွေးချင်ရာတွေးလို့တော့မသင့်တော်ဘူး။ ဘာကြောင့်လဲဆိုရင် တွေးတတ်ရင် ကုသိုလ် (စိတ်) ဖြစ်နိုင်ပြီး၊ မတွေးတတ်ရင်တော့ အကုသိုလ်(စိတ်)တွေဖြစ်သွားနိုင်တယ်။ ကုသိုလ်ဖြစ်အောင် တွေးတတ်တဲ့အလေ့အကျင့်မျိုးဆိုတာ အလေ့အကျင့်လုပ်ထားမှဖြစ်နိုင်တာ။ ဒီလိုဆို ကုသိုလ်ဖြစ်အောင် ဘယ်လိုတွေးမလဲ။

Thursday, September 1, 2011

My Thoughts 1

ပန်းမသီနိုင်တဲ့ကြိုး
ဘိက္ခုဓမ္မပိယ (USA)
စက်တင်ဘာ ၂၊ ၂၀၁၁
          စာမရေးဖြစ်တာ အတော်ကြာသွားပြီ။ အကြောင်းကတော့ မယ်မယ်ရရမရှိ။ ရေးချင်စိတ်တွေ မရှိလို့ မရေးဖြစ်တာပါ။ ဒါပေမဲ့ အခုတလော စာရေးချင်စိတ်တွေပြန်ဖြစ်ပေါ်လာတယ်။ ပညာရေးနှင့် ပတ်သက်တဲ့ အတွေး၊  ယုံကြည်မှုနဲ့ပတ်သက်တဲ့ ခံယူချက်တွေကို ပြောပြချင်လို့ပါ။ စာပေပညာရှင်တစ်ဦးမဟုတ်လေတော့ ဘယ်သူကကို ဘယ်လိုပြောမလဲဆိုတဲ့အတွေးက ဆင့်ကဲဖြစ်ပေါ်လာပြန်တယ်။ ဘာပဲဖြစ်ဖြစ် ပြောချင်တာကိုတော့ ပြောပါရစေ။

Thursday, July 21, 2011

From Child Aid Myanmar Towards Metta Nanda Foundation

 ချိုင်းအိဒ်မြန်မာ မှသည် မေတ္တာနန္ဒဖောင်ဒေးရှင်း ပရဟိတကျောင်းဆီသို့
မိုးမခဓာတ်ပုံသတင်း၊ ဇူလိုင် ၂၂၊ ၂၀၁၁
ဆန်ဖရန်စစ္စကိုဘေးဧရိယာ၊ မေတ္တာနန္ဒကျောင်းတိုက်ဆရာတော် အရှင်ဓမ္မပီယသည် ၂၀၁၀ ခုနှစ် ၀ါဆိုမှသည် ယခု၂၀၁၁ ၀ါဝင်သည်အထိ မြန်မာပြည်၊ ရန်ကုန်မြို့တွင် ၀ါဆိုခဲ့ပြီး မင်္ဂလာဒုံမြို့အနီး၊ နွယ်ခွေအရပ်တွင် ပရဟိတစာသင်ကျောင်းနှင့် မိဘမဲ့ကလေးသူငယ်များ ဂေဟာကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပြီး ဖြစ်သည်ဟု သိရပါသည်။
၂၀၀၇ ခုနှစ် နာဂစ်မုန်တိုင်းသင့်စဉ်က မိဘများဆုံးရှုံးခဲ့သော ကလေးသူငယ်များကို ထောက်ပံ့သည့် အစီအစဉ် Child Aid Myanmar အလှူဒါနလုပ်ငန်းကို ဆောင်ရွက်ခဲ့သော ဆရာတော်သည် ၂၀၁၀ ခုနှစ် အထိ နာဂစ်သင့်ဒေသအရောက်သွားပြီး အဆိုပါ ကလေးသူငယ်များ၏ ပညာရေးထောက်ပံ့မှိုကု ဆောင်ရွက်ခဲ့ပြီး ၂၀၁၀ မှ စတင်၍ ပညာရေးနှင့် လူမှုစောင့်ရှောက်မှု ဂေဟာတခုအဖြစ် မင်္ဂလာဒုံ၊ နွယ်ခွေတွင် မေတ္တာနန္ဒ ပရိဟိတကျောင်းနှင့် ဂေဟာကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

Thursday, September 2, 2010

August 2010 - Donation Event at the Delta

          ရန်ကုန်မြို့၊ သင်္ကန်းကျွန်း ငါးကျမ်းပြန်ကျောင်းတိုက်နဲ့ အမေရိကန်ပြည် ဆန်ဖရန်ဘေးဧရိယာက မေတ္တာနန္ဒ၀ိဟာရ ကျောင်းတိုက် ဦးဆောင်ဆရာတော် အရှင်ဓမ္မပီယ ဆောင်ရွက်နေတဲ့ နာဂစ်သင့်မိဘမဲ့ကလေးများစောင့်ရှောက်ရေး (Child Aid Foundation) က လပွတ္တာ၊ သင်္ကန်းကုန်း၊ ကွမ်းခြံကုန်း၊ ဒေးဒရဲမြို့်နယ်များရှိ စာရင်းပြုစုထားတဲ့ကလေးသူငယ်များကို ထောက်ပံ့မှုများ ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာဒုံမြို့နယ်မှာ တည်ဆောက်နေတဲ့ မေတ္တာနန္ဒ မိဘမဲ့ကလေးများအတွက် ပညာဒါနဂေဟာကလည်း လာမယ့် ဒီဇင်ဘာမှာ အပြီးသတ်နိုင်မယ်လို့ ဆိုပါတယ်။ မိုးမခကတဆင့် လက်ခံရရှိတဲ့ အလှူငွေများ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၁၀.၀၀ ကို သြဂုတ်လဆန်းမှာ တကြိမ်၊ ယခု စက်တင်ဘာအတွက် ဒေါ်လာ ၂၀၀.၀၀ ကို လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။

Thursday, October 1, 2009

Thursday, July 23, 2009

Tuesday, June 9, 2009

Child Aid Foundatiuon - Sell Food to Feed & Educate Orphans from Nargis of Burma

နာဂစ် မိဘမဲ့ကလေးများအတွက် ဈေးရောင်းပွဲ ကျင်းပ
မိုးမခအထောက်တော် ၀၀၂
ဇွန် ၉၊ ၂၀၀၉
နာဂစ် မိဘမဲ့ကလေးများအတွက် အမေရိကန်ပြည်ထောင်စုအခြေစိုက် Child Aid Foundation နှင့် အမေရိကန်ရောက် မြန်မာမိသားစုများ ၀ိုင်းဝန်းစီစဉ်သည့် ဈေးရောင်းပွဲကို ဇွန်လ ၇ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် Newark မြို့တွင် ပြုလုပ်ခဲ့သည်။ Newark Pavilion တွင် ပြုလုပ်သည့် ယင်းဈေးရောင်းပွဲကို နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီအထိ ကျင်းပရာ ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသရှိ အဖွဲ့အစည်းများနှင့် စေတနာရှင်များက မြန်မာအစားအစာမျိုးစုံ ရောင်းချ လှူဒါန်းကြပြီး ထိုဒေသရှိ မြန်မာများ စုစုပေါင်း ၃၀၀ ခန့် လာရောက် အားပေးခဲ့ကြသည်။

ဈေးရောင်းပွဲမှ ရရှိမည့် အလှူငွေအားလုံးကို မေတ္တာနန္ဒဆရာတော် (ရန်ကုန်) နှင့် ဖောင်တော်ဦးဆရာတော် (မန္တလေး) တို့ ဦးစီးသော ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် မေတ္တာနန္ဒ ပရဟိတကျောင်းသို့ ရောက်ရှိလာသည့် နာဂစ်ဒဏ်သင့် ကလေးငယ်များနှင့် မိဘမဲ့ကလေးများအတွက် စာသင်ကျောင်းနှင့် ပရဟိတ ဂေဟာတို့ ဆောက်လုပ်ရာတွင် သုံးစွဲသွားမည်ဟု သိရသည်။
Child Aid Foundation သည် ပြီးခဲ့သည့်နှစ် နှောင်းပိုင်းတွင် စတင်ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်ပြီး နာဂစ်ဒဏ်သင့် ကလေးငယ်များ စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ ယမန်နှစ်ကလည်း နာဂစ်ဒဏ်သင့် မိဘမဲ့ကလေးသူငယ်များ စောင့်ရှောက်ရန် ဈေးရောင်းပွဲကို ပထမဆုံးအကြိမ်အဖြစ် နယူးအခ်ပါဗီလျံတွင် ပြုလုပ်ခဲ့ဖူးသည်။ ၎င်းတို့ ၀က်ဆိုက်ကို ဒီနေရာမှာ သွားကြည့်နိုင်ပါသည်။ - http://ChildAidMyanmar.Org

Tuesday, May 26, 2009

Child Aid Foundation to open Metta Nanda Charity School in Rangoon



နာဂစ်သင့်မိဘမဲ့ကလေးများ စောင့်ရှောက်ရေးအဖွဲ့၏ မေတ္တာနန္ဒပရဟိတကျောင်း (ရန်ကုန်) အတွက် အလှူပွဲတော်ကျင်းပမည်
မိုးမခအထောက်တော် ၀၀၂
မေ ၂၇၊ ၂၀၀၉
ပြည်တွင်း ပြည်ပက ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနှင့် စေတနာရှင်များအားလုံး၏ ၀ိုင်းဝန်းဆောင်ရွက်မှုဖြင့် ချိုင်းအိတ်ဒ်ဖောင်ဒေးရှင်း အမည်ရှိ နာဂစ်သင့်မိဘမဲ့ကလေးများ စောင့်ရှောက်ရေးအဖွဲ့က နာဂစ် တနှစ်ပြည့်မြောက်ပြီးနောက် ပရဟိတလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ မေလ ၁၉ ရက်နေ့ စာရင်းအရ မိဘမဲ့ကလေးသူငယ်ပေါင်း ၅၆၀ ကို ပညာရေးနှင့် လူမှုရေးဆိုင်ရာ ကူညီထောက်ပံ့မှုများ လစဉ် ပြုလုပ်နိုင်ခဲ့သည့်အပြင် ၂၀၀၉ နှစ်ဆန်းက စတင်ပြီး ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်တွင် မေတ္တာနန္ဒပရိဟိတ ကျောင်းတကျောင်းကို ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။
ထိုပရိဟိတကျောင်းတွင် နာဂစ်သင့်မိဘမဲ့ကလေးများ သာမက ခိုကိုးရာမဲ့ အခက်အခဲမျိုးစုံ ခံစားနေရသော ကလေးသူငယ်များကိုပါ ပညာဒါနအလှူ ပံ့ပိုးကူညီနိုင်ရန် အတွေ့အကြုံရှိပြီးဖြစ်သည့် မန္တလေးမြို့ ဖောင်တော်ဦးကျောင်းတိုက်က ဆရာတော်များ၏ အားပေးလမ်းညွှန်မှုတို့ဖြင့် ဆောင်ရွက်မည်ဟု သိရသည်။

Tuesday, May 19, 2009

“Child Aid Foundation – Myanmar” released updated list of children and donors as of May 19th, 2009

“Child Aid Foundation – Myanmar” released updated list of children and donors as of May 19th, 2009

MoeMaKa Reporter 002

May 19, 2009

“Child Aid Foundation – Myanmar”, a charity aid group supporting basic and educational need to orphans left by Nargis Storm in the Delta of May 2008 had recently updated list of children and donors, totaling of 560 parentless children. It was now requesting annual donation and pledge from all the donors for each designated children for the year 2009.

The foundation has started its operation since May 2008 when Nargis storm hit Delta which left almost 2 millions Burmese homeless. It raised funds and did aid work providing shelters, foods, medical and social care with the guidance of Burmese Buddhist monks from various monasteries local and abroad namely, Ngar Gyan Pyan Monastery, Rangoon, Metta Nanda Viraha Monastery, California, USA and U Kusala Monastery, London, UK. It managed to raised fund and charity from Burmese and non-Burmese from international community. Later it focused on supporting orphans from Nargis disaster and managed to aid basic necessity needs to 560 children so far. It provided monthly financial support of US$ 10.00 for each child to care-taker immediate family, friends or sheltering monasteries. The donors chose any child from the list as their recipient of their donation per month or per year basic.

Back in April 2009, the foundation had extended their charity by establishing Charity School of basic education for not only Nargis-Orphans but also other children suffering under social and other circumstances. It named the school as “Metta Nanda – Charity School for Children” and it shall be managed under the joint guidance of the Sayadaws from Phaung Taw Oo Monastery which had long standing experience of running orphanage and charity schools in Manadalay and Sayadaws from Child Aid Foundation.

It was learnt that the foundation would be holding a annul fund raising food fair for building of their new school in coming month June in New Ark, California, USA, inviting all the donors abroad.

You can find the complete list of 560 Children and their respective donors from here - http://childaidmyanmar.org/images/CAFas102908.pdf